Engineering Groups of Company

Engineering Company မှ မန်နေဂျာများ ဝန်ထမ်းများအား အုပ်ချုပ်မှုနှင့်ပါတ်သတ်သော ၊ ခေါင်းဆောင်မှုနှင့် ပါတ်သတ်သော အကြောင်းအရာများ ၊ လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သတ်သော အကြောင်းအရာများကို မျှဝေးပေးခဲ့ပါတယ်။

ရွှေခြေလှမ်း……

ဒီကနေ့မှာတော့ ရွှေခြေလှမ်း ကုမ္ပဏီမှ ဝန်ထမ်းများအား ဘဝရည်မှန်းချက်ပန်းတိုင်များချမှတ်ဆောင်ရွက်တတ်စေရန် ၊ စရိုက်သဘာဝမတူသူများနှင့် လုပ်ငန်းခွင်အတွင်း အတူတကွ လုပ်ဆောင်တတ်စေရန် စသောလုပ်ငန်းခွင်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို မျှဝေပေးခဲ့ပါတယ်။

Marrybrown Myanmar

Marrybrown Myanmar မှ Manager, Supervisor နှင့် Crew Leader များကို မိမိကိုယ်ကို ကောင်းမွန်စွာ ဦးဆောင်နိုင်စေရန် နှင့် ဝန်ထမ်းများအား ထိရောက်စွာဦးဆောင်နိုင်စေရန် လေ့ကျင့် မျှဝေပေးခဲ့ပါတယ်။

MGL Courier Service

MGL Courier Service မှ မန်နေဂျာနှင့် ဝန်ထမ်းများအား အဖွဲ့အစည်းတစ်ခုကို ဦးဆောင်သူများအနေဖြင့် လုပ်ဆောင်သင့်သော ဆောင်ရွက်ချက်များ ၊ အပြုအမူများနှင့် ပါတ်သတ်သည်များကို မျှဝေပေးခဲ့ပါတယ်။

Yandabo Home

လှပတဲ့ အညာအငွေ့အသက်လေးတွေနဲ့ အတူ သမိုင်းမှတ်တမ်းရှိခဲ့တဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ရာ ရန္တပိုရွာလေးမှာရှိတဲ့ Yandabo Home မှဝန်ထမ်းများကို ၃ရက်တာသင်တန်းလေးမျှဝေဖြစ်ခဲ့ပါတယ်။

Orchestra Travel & Tour

Orchestra Travel & Tour Company မှ မန်နေဂျာ နှင့် ဝန်ထမ်းများအား လုပ်ငန်းခွင်အတွင်း Professional တစ်ဦးအဖြစ်ဆောင်ရွက်တတ်စေရန် ၊ လုပ်ငန်းခွင်အတွင်း ပျော်ရွှင်စွာ လုပ်ဆောင်နိုင်စေရန် သိရှိလုပ်ဆောင်သင့်သော အချက်အလက်များကို မျှဝေပေးခြင်း ။

Chan Thar #4

ဒီကနေ့မှာတော့ ချမ်းသာကုမ္ပဏီမှ ဝန်ထမ်းများအား ကိုယ်ရည်ကိုယ်သွေးတိုးတက်ကောင်းမွန်ပြီး လုပ်ငန်းခွင်အတွင် အရန်အသွေးပြည့်ဝသော ဝန်ထမ်းတစ်ဦးဖြစ်စေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းများကို မျှဝေပေးခဲ့ပါတယ်။

Attollo Travel & Tours #1

ဒီတစ်ခါမှာတော့ Attollo Travel & Tours ကုမ္ပဏီမှ ဝန်ထမ်းများအား စားသုံးသူ ဝန်ဆောင်မှုနှင့် ပါတ်သတ်သော အကြောင်းအရာများကို မျှဝေပေးခဲ့ပါတယ်။ စိတ်ပါဝင်စားစွာပါဝင်ပေးကြသောဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

Chan Thar #3

ဒီတစ်ပတ်မှာတော့ ချမ်းသာကုမ္ပဏီမှ ဝန်ထမ်းများအား မိမိကိုယ်တိုင်နှင့် အခြားသူများကြား မတူညီသော စရိုက်သဘာဝများကို နားလည် သဘောပေါက် လက်ခံကာ လုပ်ငန်းခွင်အတွင်း အတူပူးပေါင်းဆောင်ရွက်တတ်စေရန် မျှဝေပေးခဲ့ပါတယ်။

Chan Thar #2

ဒီကနေ့မှာတော့ ချမ်းသာကုမ္ပဏီမှ ဝန်ထမ်းများအား လူအချင်းချင်း ပြောဆို ဆက်ဆံကြရာတွင် အရေးကြီးသော ဆက်သွယ်ပြောဆိုမှုဆိုင်ရာ အချက်အလက်များ နည်းစနစ်များကို ထိရောက်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ မျှဝေပေးခဲ့ပါတယ်။