IQ , EQ & SQ

IQ / EQ လို့ ပြောလိုက်ရင် တော်တော်များများ ကြားဖူးနားဝရှိမှာပါ။  တစ်ချို့ တွေအနေနဲ့ဆိုရင်လဲ ခေါင်းဆောင်မှုပညာလို့ ပြောလိုက်တာနဲ့ ပြောစရာမရှိ ဒါတွေပဲပြောနေကြတယ်လို့လဲ ထင်ကောင်းထင်နိုင်ပါတယ်။ ဒီနေရာမှာ ကျွန်မအနေနဲ့ စဉ်းစားစေချင်တာက သိတယ်ဆိုတာ ဘယ်အတိုင်းအတာထိသိလဲဆိုတာကိုပါ။ တစ်ချို့က သိတယ် ဆိုတာနဲ့ ရပ်ထားကြတယ် ၊ တစ်ချို့ ကလဲ သိတယ် စိတ်တော့ ဝင်စားတယ် ဒါပေမယ့် ဆိုတာနဲ့ ရပ်ထားတတ်ကြပါတယ်၊ အလွန်နည်းပါးတဲ့ ရာခိုင်နှုန်းသောသူများသာ သိတယ်၊ စိတ်ဝင်စားတယ်၊ လက်တွေ့ကျင့်သုံးတယ်ဆိုတဲ့အထိဖြစ်လာကြတာပါ။ ဒီလိုလူမျိုးတွေကပဲ ကမ္ဘာမှာ အောင်မြင်ကျော်ကြားသူတွေ ဖြစ်လာကြတာလို့ ဆိုချင်ပါတယ်။ ဒီနေ့ ခေတ်လို စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ် ပြိုင်ဆိုင်မှုတွေ၊ ဟန်ဆောင်မှုတွေများပြားလာတဲ့အခြေအနေမျိုးမှာ Read more…

ဘဝရဲ့မသေချာမရေရာသောအခြေအနေများနှင့်မိတ်ဖွဲ့ခြင်း

မိမိဘဝအောင်မြင်ရေး ကြိုးစားဆောင်ရွက်နေချိန်မှာ မသေချာ ၊ မရေရာသော အခြေအနေများနှင့်လဲ တွေ့ကြုံနိုင်ကြောင်းကို ကြိုတင်ခန့်မှန်းတွက်ဆထားဖို့လိုပါတယ်။ ဒါမှာသာ ရုတ်တရက် မထင်မှတ်သောအခြေအနေများနှင့် ကြုံတွေ့ရချိန်မှာ လ ျှပ်တပြတ် ဆောင်ရွက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ များသောအားဖြင့် လူအများစုဟာ မိမိတို့ ရည်ရွယ်ထားတဲ့ လမ်းကြောင်းကို လေ ျှာက်လှမ်းရာမှာ မိမိဖြစ်စေချင်သည့်အတိုင်းဖြစ်ပေါ်လာဖို့ကိုသာဆန္ဒရှိကြပါတယ်၊ မေ ျှာ်လင့်ထားကြပါတယ်။ တကယ်တမ်းမှာတော့ မိမိတို့ဘဝမှာ မမေ ျှာ်လင့်သော အခြေအနေများတွေ့ကြုံနိုင်ကြောင်း ကိုကြိုတင်မေ ျှာ်လင့်ထားပြီး ထိုကဲ့သို့သောအခြေအနေဖြင့်လဲ သက်တောင့်သက်သာရှိဖို့လိုပါတယ်။ ဒီလိုသာ သက်တောင့်သက်သာမရှိပါက မိမိတို့အနေဖြင့်လဲ ပျော်ရွှင်စွာနဲ့ ဘဝရဲ့ အချိန်တွေကို ဖြတ်သန်းဖို့ဆိုတာမလွယ်ကူပါဘူး။ ဥပမာ – ကျွန်မတို့ နှင်းလျောစီးတာကို မြင်ယောင်ကြည့်ရအောင်ပါ။ နှင်းလျောစီးတာက မသေချာမရေရာတဲ့ အခြေအနေတွေကို ကြိုတင်တွက်ဆတာနဲ့ Read more…