IQ , EQ & SQ
IQ / EQ လို့ ပြောလိုက်ရင် တော်တော်များများ ကြားဖူးနားဝရှိမှာပါ။ တစ်ချို့ တွေအနေနဲ့ဆိုရင်လဲ ခေါင်းဆောင်မှုပညာလို့ ပြောလိုက်တာနဲ့ ပြောစရာမရှိ ဒါတွေပဲပြောနေကြတယ်လို့လဲ ထင်ကောင်းထင်နိုင်ပါတယ်။ ဒီနေရာမှာ ကျွန်မအနေနဲ့ စဉ်းစားစေချင်တာက သိတယ်ဆိုတာ ဘယ်အတိုင်းအတာထိသိလဲဆိုတာကိုပါ။ တစ်ချို့က သိတယ် ဆိုတာနဲ့ ရပ်ထားကြတယ် ၊ တစ်ချို့ ကလဲ သိတယ် စိတ်တော့ ဝင်စားတယ် ဒါပေမယ့် ဆိုတာနဲ့ ရပ်ထားတတ်ကြပါတယ်၊ အလွန်နည်းပါးတဲ့ ရာခိုင်နှုန်းသောသူများသာ သိတယ်၊ စိတ်ဝင်စားတယ်၊ လက်တွေ့ကျင့်သုံးတယ်ဆိုတဲ့အထိဖြစ်လာကြတာပါ။ ဒီလိုလူမျိုးတွေကပဲ ကမ္ဘာမှာ အောင်မြင်ကျော်ကြားသူတွေ ဖြစ်လာကြတာလို့ ဆိုချင်ပါတယ်။ ဒီနေ့ ခေတ်လို စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး လူမှုရေးနယ်ပယ်မှာပဲဖြစ်ဖြစ် ပြိုင်ဆိုင်မှုတွေ၊ ဟန်ဆောင်မှုတွေများပြားလာတဲ့အခြေအနေမျိုးမှာ Read more…