မိမိဘဝအောင်မြင်ရေး ကြိုးစားဆောင်ရွက်နေချိန်မှာ မသေချာ ၊ မရေရာသော အခြေအနေများနှင့်လဲ တွေ့ကြုံနိုင်ကြောင်းကို ကြိုတင်ခန့်မှန်းတွက်ဆထားဖို့လိုပါတယ်။ ဒါမှာသာ ရုတ်တရက် မထင်မှတ်သောအခြေအနေများနှင့် ကြုံတွေ့ရချိန်မှာ လ ျှပ်တပြတ် ဆောင်ရွက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
များသောအားဖြင့် လူအများစုဟာ မိမိတို့ ရည်ရွယ်ထားတဲ့ လမ်းကြောင်းကို လေ ျှာက်လှမ်းရာမှာ မိမိဖြစ်စေချင်သည့်အတိုင်းဖြစ်ပေါ်လာဖို့ကိုသာဆန္ဒရှိကြပါတယ်၊ မေ ျှာ်လင့်ထားကြပါတယ်။ တကယ်တမ်းမှာတော့ မိမိတို့ဘဝမှာ မမေ ျှာ်လင့်သော အခြေအနေများတွေ့ကြုံနိုင်ကြောင်း ကိုကြိုတင်မေ ျှာ်လင့်ထားပြီး ထိုကဲ့သို့သောအခြေအနေဖြင့်လဲ သက်တောင့်သက်သာရှိဖို့လိုပါတယ်။ ဒီလိုသာ သက်တောင့်သက်သာမရှိပါက မိမိတို့အနေဖြင့်လဲ ပျော်ရွှင်စွာနဲ့ ဘဝရဲ့ အချိန်တွေကို ဖြတ်သန်းဖို့ဆိုတာမလွယ်ကူပါဘူး။
ဥပမာ – ကျွန်မတို့ နှင်းလျောစီးတာကို မြင်ယောင်ကြည့်ရအောင်ပါ။ နှင်းလျောစီးတာက မသေချာမရေရာတဲ့ အခြေအနေတွေကို ကြိုတင်တွက်ဆတာနဲ့ ဘယ်လိုပါတ်သတ်နိုင်မလဲလို့ တွေးကောင်းတွေးနိုင်ပါလိမ့်မယ်။ ဒီလိုပါ နှင်းလျောစီးသမားတစ်ယောက်အနေနဲ့ ပြင်ဆင်ထားနိုင်တာကတော့ ခန္ဓာကိုယ်ကို ဘယ်လိုထိန်းရမလဲ ၊ လျောစောက်တွေမှာ ဘယ်လိုဆင်းမလဲ ၊ ဘယ်လို ကွေ့ဝိုက်သွားမလဲဆိုတာတွေကိုသာ ကြိုတင်ပြင်ဆင်ထားနိုင်ပြီး ဘယ်နေရာ ဘယ်လိုအခြေအနေမှာတွေ့ကြုံနိုင်မယ်ဆိုတာကို မသိနိုင်ပါဘူး။ အဓိကကတော့ သူတို့တွေ မျက်နှာနဲ့ ပြုတ်မကျဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လေ့လာပြင်ဆင်ထားခြင်းဖြင့် အကွေ့အဝိုက်များနှင့် ရုတ်တရက် ကြုံတွေ့ရချိန်မှာ ၎င်းတို့အနေဖြင့် လ ျှင်လ ျှင်မြန်မြန် ရှောင်ကွင်းသွားနိုင်ပါတယ်။
ပုံမှန်အားဖြင့်တော့ လူအများစုဟာ ဒီလို မရေရာမသေချာတဲ့ အခြေအနေကို မကြိုက်ကြပါဘူး ။ တွေ့လာခဲ့ရင်လဲအလွယ်တကူ လက်မြှောက် အရှုံးပေး နောက်လှည့်ပြန်တတ်ကြပါတယ်။ ဒါဆိုရင်တော့ ကျွန်မတို့တွေ ရှေ့ကို ဘယ်လိုမှ ရောက်နိုင်တော့မှာမဟုတ်ပါဘူး။ ဒီလိုမဟုတ်ဘဲ မရေရာမသေချာတဲ့ အခြေအနေကို လက်ခံထားနိုင်ပြီး နေနိုင်တယ်ဆိုရင်တော့ဖြင့် ကျွန်မတို့တွေ ပို၍ပို၍ ကောင်းမွန်လာမှာဖြစ်ပါတယ်။
သေချာတာကတော့ ကျွန်မတို့တွေမှာ ခိုင်မာတဲ့ စိတ်ဓာတ်ခံယူချက်တွေရှိနေမယ်ဆိုရင်ဖြင့် ဘယ်လို အခြေအနေမျိုးနဲ့တွေ့တွေ့ အောင်မြင်အောင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြမယ်လို့ ယုံကြည်မိပါတယ်။
0 Comments